အံ့ဖွယ် ရုံးပတီသီး

မိန်းကလေးတစ်ယောက်ရဲ့ လက်ချောင်းလေးတွေလို ရှည်ရှည်သွယ်သွယ် ကလေးတွေမို့ အနောက်နိုင်ငံက လူတွေက Ladies’ finger လို့ ခေါ်တဲ့ ရုံးပတီသီးလေးတွေဟာ မြန်မာပြည်မှာတော့ သိပ်ကို လတ်လတ် ဆတ်ဆတ် စိမ်းစိမ်းစိုစိုနဲ့ ဈေးသက်သက်သာသာ ရနိုင်တဲ့ ဟင်းသီးဟင်းရွက် တစ်မျိုးပါပဲ။

လူတစ်ယောက်ဟာ အနှစ်နှစ်ဆယ်ကျော် ဝမ်းချုပ်တဲ့ ရောဂါကို ခံစားခဲ့ရပြီး လတ်တလောမှာတော့ အစာအိမ် အချဉ်ပေါက်ပြီး လေချဉ်တွေတက်တက်နေတတ်ပါတယ်။ အဲဒီလို နှစ်ရှည်လများ ခံစားခဲ့ရပြီး ဘာနဲ့မှ မသက်သာခဲ့တာမို့ အလွယ်တကူ ပျောက်လိမ့်မယ်လို့လည်း ထင်မထားပါဘူး။ ဒါပေမယ့် ထူးဆန်းစွာပဲ ရုံးပတီသီးကြောင့် သူ့ရောဂါတွေ ပျောက်ခဲ့ရတယ်။ လွန်ခဲ့တဲ့ နှစ်လလောက်ကစပြီး ရုံးပတီသီး မှန်မှန်စားလိုက်တာ.. ဘာဆေးမှ မမှီဝဲရတော့ပါဘူးတဲ့။ ဝမ်းချုပ်တာ၊ အစာအိမ် အချဉ်ပေါက်ပြီး လေချဉ်တွေ တက်နေတာ ပျောက်သွားတဲ့အပြင် သွေးထဲက သကြားဓာတ်တွေလည်း ၁၃၅ ကနေ ၉၈ ထိ ကျဆင်း သွားခဲ့ပါတယ်။ ကိုလက်စထရော လယ်ဗယ်ကိုလည်း ထိန်းထားနိုင်လာပါတယ်။

လေ့လာသုတေသနပြုချက်တွေအရ ရုံးပတီသိးဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အာဟာရဓာတ်တွေ ပါဝင်တဲ့ အစုအပေါင်း တစ်ခုပါပဲတဲ့။ တစ်ဝက်လောက်က ပျော်ဝင်နိုင်တဲ့ အမျှင်တွေ နဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီ ပျော်ဝင်နိုင်တဲ့ အမျှင်တွေက ကိုလက်စထရောကိုကျစေပြီး နှလုံးရောဂါဖြစ်ဖို့ကိုလည်း နည်းပါးစေပါတယ်။ ကျန်တစ်ဝက်ကတော့ မပျော်ဝင်နိုင်တဲ့ အမျှင်နဲ့ ဖွဲ့စည်းထားပြီး သူတို့က အူသိမ်ရဲ့ ကျန်းမာရေးကို အထောက်အကူပြုတဲ့အပြင် ကင်ဆာဖြစ်နိုင်ချေကိုလည်း လျော့ကျစေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အူမကြီးကင်ဆာ မဖြစ်ဖို့ တားဆီးပေးပါတယ်။

ချက်ထားတဲ့ ရုံးပတီသီး ပန်းကန်တစ်ဝက်လောက်မှာ folic acid နဲ့ ဗီတာမင် B6 တွေက လိုအပ်တယ်လို့ ညွှန်းဆိုထားတဲ့ ပမာဏရဲ့ ၁၀% ပါဝင်ပါတယ်။ ဒါကြောင့် ရုံးပတီသီးဟာ ဗီတာမင် B6, folic acid နဲ့ အမျှင် ဓာတ်တွေ သိပ်ကြွယ်ဝတဲ့ အစားအစာလို့ ဆိုနိုင်ပါတယ်။

ရုံးပတီသီးမှာ ပါဝင်တဲ့ အာဟာရတန်ဖိုးများ

Dietary Fiber 2 gm

Protein 1.5 gm

Carbohydrate 5.8 gm

Vitamin A 460IU

Vitamin C 13 mg

Folic acid 36.5 microgram

Calcium 50 mg

Iron filtered 0.4 mg

Potassium 256 mg

Magnesium 46 mg

ဒါတွေက ဂဏန်းသတ်မှတ်ချက် တန်ဖိုးတွေသက်သက် ဖြစ်ပါတယ်။ လမ်းညွှန်ချက် အဖြစ်ပဲ သုံးပါ။ အကယ်၍ သင်က တကယ်လိုအပ်နေပြီး ဆေးပညာအရလည်း ကန့်သတ်နေထိုင် စားသုံးနေရတယ် ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသုံးပါ။

ရုံးပတီသီးနဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးတွေကတော့ ..

+ ရုံးပတီသီးမှာ ပါဝင်တဲ့ အမျှင်တွေက သွေးထဲက သကြားဓာတ်ကို လျော့ကျစေပါတယ်။ သူက အူကနေ သကြားဓာတ် စုတ်ယူမှုကို ထိန်းထားပေးနိုင်တာမို့ပါ။

+ ရုံးပတီသီးမှာ ပါဝင်တဲ့ အချွဲတွေက ကိုလက်စထရောကိုတင် တားဆီးပေးတာ မဟုတ်ပါဘူး။ အဆိပ်တွေ သယ်ဆောင်လာတဲ့ အက်စစ်တစ်မျိုးကိုလည်း အသည်းကနေ အမြောက်အများ စစ်ထုတ်နိုင်ဖို့ လည်းအားပေးပါတယ်။

+ တော်တော်များများသော ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေက ရောဂါတော်တော်များများဟာ အူကနေ စဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။ ရုံးပတီသီးရဲ့ အမျှင်ဓာတ်က ဝမ်းချုပ်တာကို တားဆီးပေးတယ်။ အမျှင်အများစုက ဝမ်းချုပ်တာကို တားဆီးပေးတတ်ပေမယ့် ရုံးပတီသီးမှာပါဝင်တဲ့ အမျှင်ဓာတ်ကတော့ အဲဒီအတွက် အကောင်းဆုံးလို့ ဆိုပါတယ်။ အူကို အလုပ်လုပ်တာ ပုံမမှန်စေတဲ့၊ ထိခိုက်စေတတ်တဲ့ ကြမ်းတမ်းတဲ့ ဂျုံကြမ်းတွေလို မဟုတ်ပဲ ရုံးပတီသီးရဲ့ အမျှင်ဓာတ်က အူကို သက်သာမှု ပေးစေနိုင်ပါတယ်။ လူတော်တော်များများကတော့ ရုံးပတီသီးမှာ ပါဝင်တဲ့ အချွဲဓာတ်က အညစ်အကြေးကို ကောင်းမွန်စွာ စွန့်ပစ်စေဖို့ အထောက်အကူပြုတဲ့အတွက် သိပ်ပြီး မနှစ်သက်ချင်ကြပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ရုံးပတီသီးဟာ တော်တော်များများသော ကျန်းမာရေး ပြဿနာတွေကို ပြေလည်စေတဲ့ သက်သာစေတဲ့ တန်ဖိုးရှိတဲ့ ဟင်းသီး တစ်မျိုး ဆိုတာကတော့ ငြင်းလို့ မရပါဘူး။ သွေးထဲက ကိုလက်စထရောနဲ့ အဆိပ်တွေကို လျော့ကျ စေရုံမက သွေးလှည့်ပတ်မှုကိုလည်း ပုံမှန်ဖြစ်စေတဲ့အတွက် အင်မတန် ဆေးဖက်ဝင်တဲ့အပြင် (အများကြီး အလွန်အကျွံ စားသူတွေကလွဲရင်) ဘေးထွက်ဆိုးကျိုးလည်း မရှိပါဘူး။ အဆိပ်အတောက် လုံးဝကင်းစင်ပြီး ဆေးဖက်ဝင်တဲ့ ဟင်းသီး တစ်မျိုး ဖြစ်တဲ့အပြင် ဈေးသက်သက်သာသာနဲ့ လူတိုင်းလည်း စားသုံးနိုင်တဲ့အတွက် အဆင်ပြေပါတယ်။

+ရုံးပတီသီးမှာ ပါဝင်တဲ့ ဓာတ်တွေနဲ့ အာဟာရ တန်ဖိုးတွေ လျော့ကျမသွားဖို့အတွက်က သူ့ကို တတ်နိုင်သမျှ အချိန်အနည်းဆုံးချက်ပြုရပါမယ်။ အစိမ်းစားတဲ့သူတွေရှိပေမယ့် ရေနွေးလေး ဖျောလိုက်တာ၊ ခဏလောက် ရေနွေးငွေ့နဲ့ ပေါင်းလိုက်တာမျိုးတွေ လုပ်စားနိုင်ပါတယ်။


သုံးရက်အတွင်း အသီးအနှံများ စားသောက်ပြီး အဆိပ်ဖြေခြင်း (may)


Detox ဆိုတဲ့ detoxification ဟာ ကျွန်တော်တို့ခန္ဓာကိုယ်မှာ စုမိနေတဲ့ မလိုလားအပ်တဲ့ အဆိပ်အတောက်တွေကို သန့်စင်ရှင်းလင်းခြင်းဖြစ်ပါတယ်။ ရှေးခေတ် အီဂျစ်လူမျိုးတွေရဲ့ အစဉ်အဆက်သုံးစွဲလာတဲ့ သက်ရှည်ကျန်းမာရေးနည်းလမ်းလည်းဖြစ်ပါတယ်။ သုံးရက် အတွင်း အသီးအနှံတွေနဲ့ Detox လုပ်နည်းကို အခန်းဆက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။


အမှတ်(၁)

သေချာပြင်ဆင်ပါ

သင်ဟာ သေချာပြင်ဆင်ထားမယ်ဆိုရင် ဒီ Detox အတွက် အစစအရာရာ ချောမွေ့ပါလိမ့်မယ်။ အချိန်သုံးရက်စာအတွက် ဈေးဝယ်ဖို့စာရင်းတွေက အစသေချာပြင်ဆင်ထားပါ။


အမှတ်(၂)

ရေခဲသေတ္တာကို အလွတ်အတိုင်းဖြစ်နေပါစေ

အစာတွေကို မစားဖြစ်လို့ပစ်လိုက်ရတာမျိုးမဖြစ်ပါစေနဲ့။ ပုံမှန်ဈေးဝယ်တဲ့အခါလည်း ရေခဲသေတ္တာထဲက လက်ကျန်တွေကုန်အောင်သုံးလိုက်ပါ။ ရေခဲသေတ္တာ ရှင်းသွားပြီဆိုရင်တော့ Detoxအတွက်လိုအပ်တာတွေဝယ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။


အမှတ်(၃)

စိတ်ကို ပြင်ဆင်ထားပါ။

ဘယ်လို programme မျိုးပဲဖြစ်ဖြစ် စိတ်ကိုပိုင်းဖြတ်ပြီးလုပ်မှ အဆုံးအထိ လုပ်နိုင်ပါလိမ့်မယ်။

စိတ်အားတက်ကြွစရာလေးတွေပြောပြချင်ပါတယ်။ လတ်ဆတ်တဲ့ အသီးဖျော်ရည် တစ်ပတ်သုံးကြိမ်သောက်ပေးတာဟာ အယ်ဇိုင်းမားရောဂါဖြစ်ပွားမှုကို၇၆ ရာခိုင်နှုန်းအထိကျဆင်းစေပါတယ်။ ကင်ဆာကာကွယ်ရေးအတွက်လည်း သိသိသာသာ အကျိုးပြုပါတယ်။ အဓိကကောင်းကျိုး လေးခုလည်းရှိပါသေးတယ်။ ကိုယ်အလေးချိန်များတဲ့သူတွေတွေ ကိုယ်ရည်စစ်သွားစေပါတယ်။ နုပျိုစေပါတယ်။ အသားအရည်ပျက်စီးတာပြန်လည်ကောင်းမွန်လာစေပါတယ်။ ကိုယ်ရောစိတ်ပါ လန်းဆန်းစေပြီး ခွန်အားပြည့်ဖြိုးစေပါတယ်။ အဲဒီလိုကောင်းကျိုးတွေရဖို့ စိတ်ကို ပြင်ဆင်ထားပြီး ခိုင်ခိုင်မာမာ ထားပါ။


အမှတ်(၄)

ပစ္စည်းကိရိယာရွေးချယ်ဝယ်ယူပါ။

သစ်သီးအရည်ညှစ်တဲ့စက်၊ ဖျော်စက်တွေကို သေချာရွေးချယ်ပါ။ သစ်သီးတွေနဲ့Detox လုပ်မယ့်သူဟာ ရေရှည်မှာ အဆင်ပြေမယ့် စက်မျိုးလိုအပ်ပါတယ်။ မဟုတ်ရင် Detox ကို ပုံမှန်မလုပ်ဖြစ်ဘဲ တစ်ခါတစ်လေလောက်ပဲ Detoxဲလုပ်တဲ့သူမျိုးဖြစ်လာမယ်။ အရေးအကြီးဆုံးကိရိယာ တစ်ခုဖြစ်တဲ့ ဓာတ်ဗူးကိုလည်း ရွေးချယ်ဖို့လိုပါတယ်။ သစ်သီးတွေနဲ့ Detox လုပ်မယ့်သူက SIGG ကုမ္ပဏီထုတ် ဓာတ်ဗူးတစ်ခုလိုပါတယ်။ ပုံမှန် ဓာတ်ဗူးတွေမှာ အနံ့ပြောင်းသွားတာမျိုးဖြစ်တတ်ပေမယ့် SIGG ဓာတ်ဗူးတွေကတော့ အဲဒီလိုမဖြစ်စေပါဘူး။


အမှတ်(၅)

ညနေခင်း ဒိုင်ယာရီလေးကို ရှင်းထားလိုက်ပါ။

Detox လုပ်တာဟာ ရသေ့ဝတ်တာမဟုတ်လို့ ရသေ့တွေလို ကရိကထနည်းနည်းနဲ့နေစရာတော့မလိုပါဘူး။ ဒါပေမယ့် သူငယ်ချင်းတွေနဲ့အပြင်ထွက်မယ်၊ ဘားသွားမယ်ဆိုရင်တော့ Detoxသံဓိဌာန်ကြီးပျက်သွားနိုင်ပါတယ်။ အဲဒီအတွက် သုံးရက်ကိုတော့ တတ်နိုင်သမျှ ညနေတိုင်း အိမ်မှာနေနိုင်ဖို့ကြိုးစားပါ။


အမှတ်(၆)

TV ကို ပိတ်ထားပါ။

TV ဟာ စိတ်ကို ပင်ပန်းစေတဲ့အတွက် သုံးရက်လောက်ဝေးဝေးနေပါ။ TV နည်းတူ ဖြစ်တဲ့ PC တွေကိုလည်းပိတ်ထားဖို့လိုပါတယ်။ သုံးရက်လောက် အဲဒီ ဆွဲဆောင်မှုတွေဆီက ထွက်ခွာပြီး၊ စိတ်ချမ်းသာမယ့်စာအုပ်လေးတွေဖတ်တာမျိုး လုပ်နေလိုက်ပါ။


အမှတ်(၇)

အိပ်ပါ။ အိပ်ပြီးရင်းအိပ်ပါ။

Detox လုပ်နေတဲ့အခါမှာ တတ်နိုင်သမျှ များများအိပ်ပေးဖို့လိုပါတယ်။ ခန္ဓာကိုယ်ထဲကို ကဖိန်းလို၊ ပြုပြင်ထားတဲ့သကြားတွေလို လှုံ့ဆော်တဲ့ ဓာတ်တွေ မဖြည့်တင်းဘူးဆိုရင် ခန္ဓာကိုယ်ကြီးက အနားယူချိန်ပိုပြီးတောင်းလိမ့်မယ်။ များများသာအိပ်ပေးပါ။ အိပ်နေတဲ့အခါ ခန္ဓာကိုယ်က မြန်မြန် Detoxလုပ်နိုင်ပါတယ်။


အမှတ်(၈)

ကိုယ့်ကိုယ်ကို ကောင်းကောင်းဂရုစိုက်ပါ။

Detox လုပ်နေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို အကောင်းဆုံးဂရုစိုက်ပါ။ ယောဂ ကျင့်စဉ်လိုမျိုး စိတ်ရောကိုယ်ပါ ငြိမ်းချမ်းပျော့ပြောင်းစေတာမျိုး၊ တရားရှုမှတ်ခြင်းလို စိတ်ကို အေးချမ်းစေတာမျိုးတွေ လေ့ကျင့်ပေးပါ။ ကိုယ့်စိတ်ကိုရော ကိုယ့်ကိုယ်ခန္ဓာကိုယ်ပါ ကောင်းကောင်းဂရုစိုက်ပါ။


Detox ဈေးစာရင်း

မုန်လာဥနီ ၃ ဥ (မုန်လာဥအကြီးများဖြစ်သည်)

ပန်းသီး ၂၂ လုံး။

သံပုရာသီး ၃ လုံး။

အ၀ါရောင် ငရုပ်ပွသီး ၁ လုံး။

သခွားသီး ၁.၅ လုံး။

တရုတ်နံနံကြီး ၃ချောင်း။

ဘရိုကိုလ(ပန်းဂေါ်ဖီအစိမ်း)ီ ၃ ထုပ်။

သကြားမုန်လာ(beet root) အကြီး ၁ ဥ၊ အသေး ၂ ဥ

ဂျင်း ၂ တက်။

နံနံပင် ၁ စည်း

ထောပတ်သီး ၂ လုံး

Blackberries ဟင်းပန်းကန်လုံး လေးပုံတစ်ပုံစာ

Blueberries ဟင်းပန်းကန်လုံး လေးပုံတစ်ပုံစာ

နာနတ်သီး ၁ လုံး

ဟင်းနုနွယ် ၁ ပေါင်

ဓာတ်ဆား သုံးလီတာ ခွဲ


ပထမနေ့

အိပ်ယာထထခြင်း။ ။ ရေနွေးကို သံပုရာညှစ်ထားတာသောက်ပါ။

မနက်စာ။ ။ Detox Special

နေ့လည်စာ။ ။ Detox Special

ညနေခင်းစာ(နေ့လည်စာနဲ့ ညစာကြား) ။ ။ H2O Detox

ညစာ။ ။Beyond Detox


ဒုတိယနေ့

အိပ်ယာထထခြင်း။ ။ ရေနွေးကို သံပုရာညှစ်ထားတာသောက်ပါ။

မနက်စာ။ ။ Super Detox Smoothie

နေ့လည်စာ။ ။ Dreamy Detox

ညနေခင်းစာ(နေ့လည်စာနဲ့ ညစာကြား) ။ ။ H2O Detox

ညစာ။ ။Beyond Detox


တတိယနေ့

အိပ်ယာထထခြင်း။ ။ ရေနွေးကို သံပုရာညှစ်ထားတာသောက်ပါ။

မနက်စာ။ ။ Detox Special

နေ့လည်စာနဲ့မနက်စာကြား။ ။ H2O Detox

နေ့လည်စာ။ ။ Beyond Detox

ညနေခင်းစာ(နေ့လည်စာနဲ့ ညစာကြား) ။ ။ H2O Detox

ညစာ။ ။ Dreamy Detox


Detox Special

Detox Special မှာပါဝင်တာတွေကတော့ ပန်းသီး၊မုန်လာဥနီ၊ သံပုရာသီး၊ငရုပ်ပွသီး၊ သခွားသီး၊ တရုတ်နံနံ၊ဘရော့ကိုလီ(ပန်းဂေါ်ဖီစိမ်း) ၊ သကြားမုန်လာ(beet root) နဲ့ ရေခဲဖြစ်ပါတယ်။

သုံးရက်လုံး အဓိက စားသောက်ရမယ့်အစာဖြစ်ပါတယ်။ ဒီအစားအစာဟာ အစာချက်လုပ်ချင်းကို ကောင်းမွန်စေပြီး၊ အစာချေစနစ်ကို သက်သာရာရစေပါတယ်။ ခန္ဓာကိုယ်မှာ အဆိပ်ဖြေဖြစ်စဉ်ကို ဖြစ်စေတဲ့ anti-oxidants နဲ့ အာဟာရဓာတ်တွေကို အများကြီးထုတ်ပေးပါတယ်။


ပါဝင်မှု အချိုးအစား

မုန်လာဥနီ ၁ ဥ (မုန်လာဥအကြီးများဖြစ်သည်)

ပန်းသီး ၂ လုံး။

သံပုရာသီး အခွံပါ ၁ကွင်း

အ၀ါရောင် ငရုပ်ပွသီး ၀.၄ လုံး။

သခွားသီး ၁လက်မ။

တရုတ်နံနံကြီး ၀.၄ ချောင်း။

ဘရိုကိုလီ ၁လက်မ

သကြားမုန်လာ(beet root) အကြီး ၁လက်မ

ရေခဲ

လုပ်ရတော့လွယ်ပါတယ်။ တစ်ခုချင်းစီ Juicer ထဲကို ထည့်ပြီး အရည်ညှစ်ပါ။ ပြီးရင် Blender ထဲမှာရေခဲနဲ့ထည့်ပြီး သမအောင်မွှေထားလိုက်ရုံပါပဲ။ အရသာရှိတဲ့ DetoxSpecial ကို အားရပါးရသုံးဆောင်ပါ။


Detox Special မှာ ဘာတွေပါသလဲ

Vitamins A,B1,B2,B3,B5,B6,C,E and K,

Calcium, iron, Magnesium, Potassium, Pectin, Boron, Ellagic acid, beta-carotene, folic acid, phosphorous, selenium, riboflavin and anti-cancer phytonutrients.


ဒီ Detox က ဘယ်လိုအကျိုးပြုသလဲ

တရုတ် နံနံတွေဟာ ခန္ဓာကိုယ်မှာ ပိုလျံနေတဲ့ ကာဗွန်တွေကို ဖယ်ရှားသန့်စင်ပေးပါတယ်၊ ခန္ဓာကိုယ်မှာ ရှိနေတဲ့ အက်စစ်အချိုးအဆကို မျှတအောင် လျှော့ချထိန်းညှိပေးပါတယ်။ သကြားမုန်လာကတော့ သွေးသွားသွေးလာကောင်းမွန်မှုကို အထောက်အကူပြုပါတယ်၊ ဒါ့အပြင် သံပုရာရည်နဲ့ သကြားမုန်လာပေါင်းစပ်မှုဟာ အသည်းနဲ့ကျောက်ကပ် သန့်စင်ရေးကို ပူးတွဲအကျိုးပြုပါတယ်။ သကြားမုန်လာဟာ သွေးထုတ်လုပ်မှုအတွက် အကောင်းဆုံးသဘာဝပစ္စည်းဖြစ်တဲ့အတွက် သွေးအတွက်လည်းကောင်းပါတယ်။ဘီတာ ကယ်ရိုးတင်း အများကြီးပါတဲ့အတွက် အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေကို ရှင်းလင်းဖယ်ရှားပြီး ခုခံအားစနစ်ကို ကောင်းမွန်စေပါတယ်။


Detox ကမ္ဘာငယ်လေးတွင် နေထိုင်ခြင်း (june)

ပြီးခဲ့တဲ့လက အသီးအနှံတွေနဲ့ detox လုပ်တဲ့အကြောင်းဖော်ပြပေးခဲ့ပါတယ်။ ခန္ဓာကိုယ်အကြောင်းကို ကောင်းကောင်းနားလည်မှ ကျန်းမာဖို့ ဘယ်လို ထိန်းသိမ်းရမယ်ဆိုတာကို ပိုပြီးသိနားလည်မှာဖြစ်တဲ့အတွက် ခန္ဓ္ဓာကိုယ်ရဲ့ အလုပ်လုပ်ပုံ၊ Detox အမျိုးမျိုးက ခန္ဓာကိုယ်ကို သန့်စင်ကြည်လင်အောင် ဘယ်လို အထောက်အကူပြုတယ်ဆိုတာတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ အလှတရားအမျိုးမျိုးရှိပေမယ့် ကျန်းမာကြံ့ခိုင်တဲ့လူတစ်ယောက်ရဲ့ အလှတရားမှသာ ပြီးပြည့်စုံတဲ့အလှတရားလို့ဆိုနိုင်ပါတယ်။ ကျန်းမာပျော်ရွှင်နေတဲ့လူတိုင်းဟာ ကြည်လင်တဲ့ အလှတရားပိုင်ရှင်တွေပဲဖြစ်ပါတယ်။ ကိုယ့်ခန္ဓာကိုယ်ရဲ့ အလုပ်လုပ်ပုံလေးတွေနဲ့ အဆိပ်ဖြေနည်းလမ်းတွေကို လေ့လာကြည့်ကြရအောင်။


အဆိပ်အတောက်တွေစုပုံခြင်း (Toxic Overload)

အဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေက ခန္ဓာကိုယ်ကို ယားယံစေတဲ့စလို့ အသက်အန္တရာယ် အထိဖြစ်စေနိုင်ပါတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ အဆိပ်အတောက်တွေကို အသက်ရှူလိုက်ရုံနဲ့ဖြစ်ဖြစ် ထိတွေ့ကိုင်တွယ်မိလို့ပဲဖြစ်ဖြစ် ခန္ဓာကိုယ်မျာ အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။ ရေမသန့်တာတွေ၊ လေမသန့်တာတွေကလည်း အဆိပ်အတောက်ဖြစ်စေပါတယ်။ သောက်သုံးနေတဲ့ဆေးဝါးမှာ ပါဝင်ပစ္စည်းတစ်ချို့ဟာ ခန္ဓာကိုယ်ကို အဆိပ်သင့်စေပါတယ်။ အရက် နဲ့ ဆေးရွက်ကြီးကနေထုတ်တဲ့ ပစ္စည်းအမျိုးမျိုးဟာလည်း အဆိပ်သင့်စေပါတယ်။ ဆဲလ်တွေကို ချက်ခြင်း အမြောက်အများ သေသွားစေနိုင်ပါတယ်။ အိပ်ရေးမ၀တာ မသန့်ရှင်းတဲ့နေရာမှာ နေရတာတွေဟာလည်း အဆိပ်အတောက်ဖြစ်နှုန်းကို ပိုမြင့်မားစေပါတယ်။

ခန္ဓာကိုယ်ဟာ ကျန်းမာသန်စွမ်းပြီး အင်္ဂါအစိတ်အပိုင်းတွေက ပုံမှန် အလုပ်လုပ်တဲ့အချိန်မျိုးမှာဆိုရင်တော့ ထိတွေ့နေရတဲ့အဆိပ်အတောက်တွေ၊ ခန္ဓာကိုယ်က ထုတ်လုပ်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှား သန့်စင်တဲ့လုပ်ငန်းစဉ်တွေဟာ သဘာဝအတိုင်း သန့်စင်စေပါတယ်။ သန့်ရှင်းရေးလုပ်သလိုမျိုးပါပဲ လုပ်နိုင်တာထက် ပိုပြီး ညစ်ပေလာတဲ့အခါမှာတော့ သန့်ရှင်းရေးလုပ်ငန်းစဉ်တွေဟာ ထိခိုက်လာသလိုပါပဲ၊ အဆိပ်အတောက်တွေဟာ ခန္ဓာကိုယ်အတွင်းမှာ စုမိလာပါတယ်။ သိသာတာကတော့ ရုပ်ရည်မကြည်မလင်ဖြစ်တာပါပဲ။ ပိုဆိုးတဲ့အခါ အစာမခြေနိုင်လို့ ၀မ်းဗိုက်နဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်ပါတယ်။ အစာခြေစနစ်က ပုံမှန် အလုပ်မလုပ်တဲ့အတွက်ဒီလိုဖြစ်တာဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ အဆိပ်အတောက်ပိုဖြစ်စေတဲ့ ဘတ်တီးရီးယားတွေ ပိုမိုရှင်သန်ပြီး အဆိပ်အတောက်ပိုမိုများပြားလာတတ်ပါတယ်။ အသည်းဟာလည်း စွမ်းဆောင်ရည်ကျဆင်းသွားတတ်ပါတယ်။ Sluggish Liverဖြစ်တယ်လို့ခေါ်ပါတယ်။ အရည်ပြားတွေမှာလည်း ပိတ်ဆို့မှုတွေဖြစ်လာတတ်ပါတယ်။ အသက်ရှူကြပ်တာမျိုးတွေလည်းဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်မှာ အသားအရည်တွေ ခြောက်သွေ့လာတာ၊ အစက်အပြောက်တွေပေါ်လာတာ။ ခေါင်းမကြာခဏကိုက်ခဲတာ၊ အရည်ပြားရောဂါတွေ တစ်ခုမဟုတ်တစ်ခုဖြစ်တာမျိုးတွေဖြစ်လာတတ်ပါတယ်။ အားနည်းသလိုဖြစ်ပြီး အဆစ်အမြစ်တွေနာတတ်ပါတယ်။ အလာ့ဂျစ်ပိုဖြစ်လွယ်လာပါတယ်။ ၀မ်းချုပ်လေ့ရှိပါတယ်။ ဖျားနာလွယ်လာတတ်ပါတယ်။ အဲဒီအချိန်မှာ ခန္ဓာကိုယ်အတွင်းမှာ စုမိနေတဲ့ အဆိပ်အတောက်တွေကို စနစ်တကျသန့်စင်ဖယ်ရှားဖို့လိုပါတယ်။


Free Radicals

ဖရီးရာဒီကယ်တွေကတော့ လောင်ကျွမ်းမှုတွေမှာ ဖြစ်ပေါ်လာတဲ့ မော်လီကျူးတွေပါ။ အကြော်အလှော်တွေ၊ ဘာဘီကျူးတွေ၊ ဆေးလိပ်သောက်ခြင်းတွေမှာ တွေ့ရပါတယ်။ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်အရလည်း free radicals တွေကို ခန္ဓာကိုယ်က ထုတ်ပေးပါတယ်။ ပမာဏ နည်းတဲ့ free radicals တွေဟာ ကျူးကျော်ဝင်ရောက်လာတဲ့ ဘတ်တီးရီးယားတွေကို တိုက်ခိုက်ပါတယ်။ Free radicals တွေများလာရင်တော့ ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေကို တိုက်ခိုက်ဖျက်စီးပါတယ်။ အဲဒါကြောင့် အိုမင်းရင့်ရော်မှုတွေကိုဖြစ်စေပါတယ်။ နေမကောင်းလည်းဖြစ်စေနိုင်ပါတယ်။ သွေးကြောတွေထဲမှာ ပိတ်ဆို့မှုတွေကိုလည်းဖြစ်ပေါ်စေနိုင်ပါတယ်။ Free radicals တွေဟာ မှန်မှန်ဖြစ်ပေါ်နေပြီး ပြန်ပြိုကွဲတတ်တဲ့သဘာဝရှိပါတယ်။ သူတို့ကြောက်တာတော့ Anti oxidants တွေပဲဖြစ်ပါတယ်။ အန်တီအောင်ဆီးဒင့်တွေဟာ free radicals တွေကို ချေမှုန်းပစ်နိုင်ပါတယ်။ Anit oxidants တွေကို Vitamin A,C နဲ့ E တွေမှာတွေ့ရပါတယ်။ အချဉ်ပါတဲ့သစ်သီးတွေမှာလည်းတွေ့ရပါတယ်။ အချဉ်ပါတဲ့သစ်သီးတွေဟာ ခန္ဓာကိုယ်မှာ ဒုက္ခပေးမယ့် free radicals တွေကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။


Detox လုပ်ကြစို့


အဟာရချို့တဲ့တတ်သလား

အဟာရ ချို့တဲ့တတ်တဲ့သူမျိုးတွေဟာ Detox ကို ရက်ရှည်လုပ်ဖို့မသင့်တော်ပါဘူး။ တတ်နိုင်သလောက် လုပ်နိုင်သလောက်ကြိုးစားပြီး ပြောင်းလဲလေ့ကျင့်သွားလို့ပဲရပါမယ်။ ပုံမှန် အားဖြင့် Detox တွေကို 3 ရက်ကနေ နှစ်ပတ်လောက်အထိ လုပ်ကြလေ့ရှိပါတယ်။


အရက်ကိုလျော့ပါ

မသောက်တတ်ရင် လုံးဝမသောက်တာ အကောင်းဆုံး။ မသောက်ဘဲမနေနိုင်ရင် လျော့ပါ။နည်းနည်းသောက်တဲ့သူက ဖြတ်ပါ။ ဆဲလ်တွေ တစ်ခွက်တည်းနဲ့ သိန်းနဲ့ချီသေနေတာကို သတိပြုပါ။ အရက်သောက်ခြင်းဟာ ကျန်းမာရေးကိုထိခိုက်ရုံတင်မကပါဘူး။ သေစေလောက်တဲ့ရောဂါအမျိုးမျိုးနဲ့ လူမှုရေးအဆင်မပြေမှုတွေကိုပါဖြစ်စေနိုင်ပါတယ်။ လောလောဆယ်တော့ ခန္ဓာကိုယ်ကို ထိခိုက်စေလို့ တတ်နိုင်သလောက်လျော့ဖို့လိုပါတယ်။


လေ့ကျင့်ခန်းလုပ်ပါ

ဘာလေ့ကျင့်ခန်းမှမလုပ်ဘူးဆိုရင် ခန္ဓာကိုယ်ကြီးဟာလေးလံထိုင်းမှိုင်းနေပါလိမ့်မယ်။ အနည်းဆုံးလမ်းလျှောက်ပေးပါ။ တစ်နေ့တစ်နေ့နည်းနည်းချင်းတိုးပြီး လေ့ကျင့်ခန်းလုပ်ပါ။ မိနစ် သုံးဆယ်နဲ့ လေးဆယ့်ငါးမိနစ်နီးပါးလုပ်နိုင်ရင် သိပ်ကောင်းပါတယ်။


အစားအသောက်စာရင်းလုပ်ပါ

ကိုယ်စားတာလေးကို စာရင်းလုပ်ထားတဲ့အခါ ဘာတွေ ဘယ်လိုစားဖြစ်တယ်ဆိုတာကို တိတိကျကျ ပြန်စစ်ကြည့်လို့ရပါတယ်။ ကိုယ်စားတဲ့အစာတွေကို စနစ်တကျထိန်းချုပ်ရာရောက်ပါတယ်။ အပိုတွေ သိပ်မစားမိတော့ပါဘူး။ ကိုယ်ဒီလောက်စားနေပါလားဆိုတာကို စာအုပ်လေးက သက်သေခံနေပါလိမ့်မယ်။


ကဖိန်းလျော့ပါ

ကော်ဖီတွေ လက်ဖက်ရည်တွေလျော့ပါ။ လက်ဖက်ခြောက်ပြောင်းသောက်ပါ။ တတ်နိုင်သမျှ အစားထိုးပြီး ရေနွေးကြမ်းများများသောက်တာ၊ သစ်သီးဖျော်ရည်စစ်စစ် (နို့ဆီသကြားမပါ) သောက်တာ၊ကြံရည်သောက်တာမျိုးတွေ ပြောင်းလဲပစ်ပါ။ ကဖိန်းကြောင့် လူက လိုတာထက်ပိုပြီး လန်းဆန်ြး့ပီး အိပ်ပျက်တာမျိုးတွေမဖြစ်အောင် ကရုစိုက်ပြီးသားလည်းဖြစ်စေပါတယ်။


အသီးအရွက်တွေစားပါ။

Detox လုပ်နေစဉ်အတွင်းမှာတော့ အသီးအရွက်ပဲစားရမှာပါ။ ပထမပိုင်းမှာ အချဉ်ပါတဲ့သစ်သီးတွေမစားသေးဘဲ ပန်းသီး၊သစ်တော်သီး၊ နာနတ်သီး၊ဘယ်ရီသီးတွေဟာ အကောင်းဆုံးအစားအစာတွေပဲဖြစ်ပါတယ်။ အစာချေစနစ်ဟာ ပိုမိုကောင်းမွန် တိုးတက်လာပါလိမ့်မယ်။ အစာမာတွေစားလို့ဖြစ်ဖြစ် တက်စာတွေစားလို့ဖြစ်ဖြစ် ခန္ဓာကိုယ်မှာခံစားရတဲ့ ပင်ပန်းမှုတွေလည်း သက်သာသွားပါမယ်။


ကာဗိုဟိုက်ဒရိတ်လျော့ပါ

ဂျုံတွေ ဆန်တွေ အစာမာတွေ ခဏလောက် လျော့ချဖြတ်တောက်ပါ။ တတ်နိုင်ရင် နည်းနိုင်သမျှနည်းနည်းစားပါ။ မတတ်နိုင်ရင်လည်း တစ်နပ်လောက်စားပါ။ သိပ်အများကြီးမစားဖို့သတိပြုပါ။

Xanthos

Idea Magazine (May and June Issues)

Detox အကြောင်းစိတ်ဝင်စားတာနဲ့ဘာသာပြန်ဖြစ်ပါတယ်။ နှစ်လစာပေါင်းပြီး တင်လိုက်လို့ နည်းနည်းရှည်သွားပါတယ်။ Blog မှာ update လုပ်ဖို့မအားဘူးဖြစ်နေတာနဲ့ ပို့စ်တွေက တစ်လတစ်ခုဖြစ်နေပါတယ်။ ဒီမှာတင်ဖို့ပို့စ်တွေအများကြီးကျန်ပါသေးတယ်။ လာဖတ်ကြတဲ့သူတွေလည်း ကျန်းမာပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

နုပျိုကျန်းမာစွာနေထိုင်စားသောက်နည်း အပိုင်း(၂)


၉၁။ကိုယ်တိုင်လုပ်မယ့် ပန်းငရုတ်ဆော့စ်

ပန်းငရုတ်ကလည်း ငရုတ်သီးတွေလိုပဲ ပူတယ်။စပ်ပါတယ်။ဆီးကြိတ်ကင်ဆာနဲ့ အသည်း ကင်ဆာဆဲလ်တွေကိုလည်းသေစေနိုင်တယ်တဲ့။သူ့ရဲ့အပူက နှလုံးရောဂါ၊သွေးတိုးရောဂါ သွေးကြောပိတ်ရောဂါနဲ့ ကိုလက်စထရောမြင့်တက်မှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။ဒီ ပန်းငရုတ်ဆော့စ်ကိုလုပ်မယ်ဆိုရင် ပန်းငရုတ်ကိုသေချာသေးသေးလှီးထားပါ။ကြက်သွန် နီကိုလည်းအဲလိုပဲလှီးပါ။နောက် ခရမ်းချဉ်သီးကိုလည်းသေးသေးလေးတွေလှီးပါ။သံပုရာ ရည်နဲ့နံနံပင်လည်းထည့်ပါမယ်။ပြီးရင် ကိုယ်ကြိုက်တဲ့ ငရုတ်သီးတောင့် ငရုတ်သီးမှုန့်ကို လည်းနှစ်သက်ရာထည့်ပါမယ်။

အိုးတစ်လုံးနဲ့ထည့် အပူပေါ်တင် လိုသလောက်အပူချိန်နဲ့တည်ထားပါ။အားလုံးကြေညက် ပြီးဆော့စ်ဖြစ်သွားပြီဆိုရင် ပုလင်း သို့မဟုတ် ဗူးခွက်တစ်ခုနဲ့ထည့် ရေခဲသေတ္တာထဲထည့် ပြီးသိမ်းပါ။မနက်ဖက် မနက်စာကြက်ဥပြုတ် ကြက်ဥကြော်တွေနဲ့ပဲ ဖြစ်ဖြစ် နေ့လည်စာ အသားကင် ငါးကင်နဲ့ပဲဖြစ်ဖြစ်တွဲဖက်စားနိုင်ပါတယ်။


၉၂။ကန်စွန်းဥကိုအစားထိုးပါ

တစ်ပတ်တစ်ခါ ဒါမှမဟုတ် တစ်ခါထက်ပိုပြီး စားနေကျ ကာဘိုဟိုက်ဒြိတ်(ဆန်၊ဂျုံ)တွေ အစားကန်စွန်းဥကို ဖုတ်စား၊ကြော်စား၊ြ့ပုတ်စားတာကောင်းပါတယ်။ကန်စွန်းဥအရောင်က သူ့ရဲ့ မူလသဘာဝရင်းမြစ်ကိုဖော်ကြူးပါတယ်။ကရိုတနွိုက်အက်ဆစ်က အသက်အရွယ်ရ လာတာနဲ့အမျှဖြစ်လာမယ့် အမြင်အာရုံနဲ့ အသားအရေတွေကိုကာကွယ်ပေးပါတယ်။ပါဝင် တဲ့ဘီတာကာရိုတင်းဓါတ်များလေလေ လေးဘက်နာကိုက်ခဲနာကျင်မှုကိုလျော့ကျစေနိုင် လေဖြစ်ပါတယ်။ကန်စွန်းဥထဲမှာပါဝင်တဲ့ ဗီတာမင်စီ နဲ့အီးကလည်း antioxidant စွမ်းအင် တွေပါဝင်ပါသေးတယ်။


၉၃။ပန်းဂေါ်ဖီအစိမ်း

ပန်းဂေါ်ဖီ အစိမ်း သို့မဟုတ် အဲဒီမျိုးနွယ်စုဟင်းသီးဟင်းရွက်စိမ်းတွေကို ရေနွေးငွေ့နဲ့ ပေါင်းလို့ပဲဖြစ်ဖြစ် ပြုတ်လို့ပဲဖြစ်ဖြစ်တစ်နေ့ တစ်ချိုးစာလောက်စားသောက်တာဟာ ရင်သား ကျန်းမာရေးအတွက်ကောင်းမွန်စေပါတယ်။ဒါတွေက ရင်သားထဲက တစ်ရှုးတွေ ကိုကျန်းမာစေရုံမကဘူး အီစတိုဂျင်ဟော်မုန်းကိုပါထိန်းပေးတဲ့အတွက် ကင်ဆာဖြစ်စေတဲ့ အခြေအနေကိုလျော့ကျစေနိုင်ပါတယ်။ဒါ့အပြင် ပန်းဂေါ်ဖီအစိမ်းက အရိုးတည်ဆောက်မှု ကိုလည်းအားကောင်းစေပါတယ်။နောက် သွေးလွှတ်ကြောတွေအားကောင်းဖို့လည်း မရှိမ ဖြစ်ပါပဲ။


၉၄။အစိမ်းရောင်စားသုံးခြင်း

နောက်ဆုံးလေ့လာတွေ့ရှိချက်တွေအရ ဦးနှောက်ဟာအိုမင်းလာပေမယ့်လည်း စူးရှထက် မြက်နေအောင် အစိမ်းရောင်တွေများများစားပေးရမယ်လို့ဆိုပါတယ်။ဟင်းသီးဟင်းရွက်အ စိမ်းနဲ့ သံပုရာမျိုးနွယ်စုအသီးတွေကို ပိုမိုစားသုံးသူတွေဟာ ဒါတွေကိုအနည်းငယ်မျှစားသုံး သူတွေထက်စာရင် ပိုပြီး မှတ်ဥာဏ်ကောင်းတာ သတိထားမိလောက်အောင် ထက်မြက် တာတွေ့ရပါတယ်တဲ့။လိုအပ်တဲ့ အာဟာရဓါတ်တွေများများပါဝင်တဲ့အစားအစာကို တိုက် ရိုက်စားသုံးတာဟာ ဖြည့်စွက်အားဆေးတွေသောက်တာထက်ပိုထိရောက်ပါတယ်။အခြား လေ့လာတွေ့ရှိချက်တွေအရ ကင်ဆာရောဂါကိုတားဆီးမှုမှာလည်း ခုလိုတိုက်ရိုက်စားသုံး သူက ဖြည့်စွက်ဆေးသောက်သူထက်ပိုပြီး ဖြစ်နိုင်ချေနည်းတယ်လို့ ဆိုပါတယ်။


၉၅။ဟင်းခတ်အမွှေးအကြိုင်ရွက်များ

နံနံပင်၊ပူစီနံ၊ပင်စိမ်းရွက်နဲ့ ရှမ်းနံနံလိုဟာမျိုးတွေကို ကျွန်မတို့မြန်မာနိုင်ငံမှာတော့ ဒီတိုင်းအ စိမ်းလိုက်တို့စား သုတ်စား အသုတ်တို့မုန့်ဟင်းခါးတို့ထဲထည့်စားသလို ဟင်းထဲလည်းအုပ် ထည့်တတ်ကြပါတယ်။လေ့လာတွေ့ရှိချက်အသစ်တွေအရ အစားအစာတွေထဲမှာဟင်းသီး ဟင်းရွက် နဲ့ အသီးအနှံတွေများများစားတာထက် ခုလို ဟင်းခတ်ရွက်တွေကိုထည့်သွင်းစား သုံးတာဟာ antioxidant တွေပိုပြီးပါဝင်တယ်လို့ဆိုပါတယ်။ဖြစ်နိုင်ရင် နံနံတို့ ပူစီနံတို့ ရှမ်း နံနံတို့ကို အိုးလေးတွေနဲ့အိမ်မှာစိုက်ထားပြီးချက်ချင်းစားသုံးတာက ပိုကောင်းပါတယ်။


၉၆။အသီးစုံ

ထမင်းစားပြီးအချိုတည်းတာပဲဖြစ်ဖြစ် နေ့လည်သွားရည်စာအစားထိုးအနေနဲ့ပဲဖြစ်ဖြစ် အသီးအနှံတွေကို ရောပေါင်းထားတဲ့ fruit salad လိုမျိုးကိုစားသုံးနိုင်ပါတယ်။လိမ္မော်သီး စိပ်လေးတွေသို့မဟုတ်အကွင်းလိုက်လှီးထားတာတွေ၊စတော်ဘယ်ရီသီးတွေနဲ့သဘောင်္သီး မှည့် ၊သရက်သီးမှည့် ရာသီပေါ်အသီးတွေကိုလှီးပြီးအပေါ်က လိမ္မော်ရည်လေးနည်းနည်း ဆမ်းလို့ fruit salad အဖြစ်စားသုံးတာဟာကလည်းဗီတာမင်အစုံပါဝင်ပါတယ်။အသက် ၅၅ နှစ်ကျော်လာပြီဆိုတာနဲ့ ဖြစ်တတ်တဲ့အမြင်အာရုံချို့တဲ့မှုကိုလည်း ဒီအသီးအနှံစားသုံး တဲ့အလေ့က အကာအကွယ်ပေးပြိးသားဖြစ်နေပါလိမ့်မယ်။


၉၇။သဘာဝနွားနို့

ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ကယ်လဆီယမ်ဓါတ်တွေကို ရနိုင်တာကတော့နို့နဲ့ နို့ထွက် ပစ္စည်းတွေကနေပါပဲ။သဘာဝနွားနို့လတ်လတ်ဆတ်ဆတ်ကို ရွေးပါ။လတ်ဆတ်တဲ့ သဘာ ဝနွားနို့က တခြားပြုပြင်ဖန်တီးထားတဲ့နို့တွေထက် အိုမီဂာ 3 fatty acid ၇၀%ပိုပါပါတယ်။ ဗီတာမင်အေနဲ့အီးတွေလည်းပိုမြင့်မားပါတယ်။နို့ကို ပုလင်းထဲထည့်ထားတာထက် စက္ကူဗူး နဲ့ထည့်တာကိုရွေးပါ။ဘာလို့လဲဆိုတော့ နေရောင်ခြည်တိုက်ရိုက်ထိတွေ့မှုက ပုလင်းမှာပို ပြီး နေရောင်ခြည်က နို့မှာပါဝင်တဲ့ ဓါတ်တချို့ကိုပျက်ပျယ်စေလို့ပါ။အသက်အရွယ်အိုမင်း ရင့်ရော်လာတဲ့အမျိုးသမီးတွေဟာ တစ်နေ့ကို အဆီထုတ်ထားတဲ့သဘာဝနွားနို့စစ်စစ် လေး ခွက်လောက်သောက်သုံးသင့်တယ်လို့လေ့လာမှုတွေကဆိုပါတယ်။ ဒါမှအသက်ကြီး ပိုင်းမှာဖြစ်တတ်တဲ့ အရိုးပွရောဂါတွေမဖြစ်နိုင်တော့မှာလို့ဆိုပါတယ်။နွားနို့ချည်းပဲ တစ်နေ့ လေးခွက်မသောက်နိုင်ဘူးဆိုရင်တော့ ဒိန်ချဉ်တွေ ဒိန်ခဲ(ချိစ်)တွေကိုလည်း အစားထိုးနိုင် ပါတယ်။


၉၈။ချောကလက်

ချောကလက်မှာတော့ ထင်မှတ်မထားနိုင်လောက်တဲ့ antioxidants polyphenols တွေပါဝင် ပါတယ်။ ချောကလက်ကိုနေ့စဉ်စားသုံးတာဟာ သွေးလှည့်ပတ်မှုဆိုင်ရာ ပြဿ နာတွေကို ၂၇%လောက်လျော့ကျသွားစေနိုင်ပြီး ကောင်းမွန်တဲ့ကိုလက်စထရောဓါတ် ကို လည်းတိုးစေပါတယ်။သွေးတိုးလည်းကျစေပြီး သွေးခဲမှုကိုလည်းကာကွယ်တယ်လို့ လေ့ လာတွေ့ရှိချက်တွေက ဆိုပါတယ်။ဒါပေမယ့် အဲဒီချောကလက်ဟာ dark chololate ဖြစ်ရ ပါမယ်။cocoa powder ၇၀% နဲ့အထက်ပါဝင်တာမျိုးကိုပဲရည်ရွယ်ပါတယ်။ချောကလက် ဖျော်ရည်သောက်မယ်ဆိုလည်းကိုယ်တိုင်ဖျော်သောက်ပါ။ dark chocolate ရယ်၊နို့ရယ် ပြီး တော့ သကြားအညိုရောင်ရယ်ကို အချိုးကျထည့်ပြီးဖန်တီးနိုင်ပါတယ်။ဈေးကွက်က ချော ကလက်တချို့က နို့တွေ သကြားတွေအများကြီးပါဝင်နေပြီးသား ဖြစ်နေတတ်ပါတယ်။


အိမ်နဲ့ဝေးရာက အစားအစာတွေ

နေ့လည်စာ ညစာတွေကို မဖြစ်မနေစားရတော့မှာမို့ ကျန်းမာရေးအတွက် စိတ်ပူပြီး အိပ်မက် ဆိုးတွေမက်နေပါသလား ။သူတို့အတွက် အကောင်းဆုံး ကျန်းမာရေးနဲ့ညီညွတ် ပြီး နုပျိုစေတဲ့ အစားအစာလည်းဖြစ်မယ့်အရာတွေကို ပြောပြချင်ပါတယ်။အိတ်ထဲမှာ ဒါမှ မဟုတ်အလုပ်ခွင်က အလုပ်စားပွဲအံဆွဲထဲမှာ ထည့်သိမ်းထားပြီးလိုရင်စားသုံးလို့ရအောင် ဖြစ်ပါတယ်။


၉၉။မနက်နှောင်းပိုင်းဆာလောင်မှု

နေ့လည်စာ စားချိန်ကမရောက်သေးဘူး။ဆာလာတယ်ဆိုရင် အဆာပြေအနေနဲ့စားသင့် တာကတော့ ငှက်ပျောသီးတစ်လုံး၊ဒါမှမဟုတ် ဆီးသီးခြောက်လက်တစ်ဆုပ်စာ၊သို့မဟုတ် သစ်စေ့သစ်ဆံတစ်ဆုပ်စာလောက်ပါ။နေကြာစေ့၊ဖယုံစေ့တွေလည်းစားနိုင်ပါတယ်။

+သစ်ကြားစေ့တွေဟာ အသားအရေရောင်ယမ်းမှုကို သက်သာစေတဲ့အဆီတစ်မျိုးပါဝင် နေပါတယ်။

+ပစ်စတာရှိုး ကတော့ ကိုလက်စထရောများပါတယ်။

+နေကြာစေ့နဲ့သီဟိုဠ်စေ့တွေကတော့ သွေးဖိအားကိုထိန်ထားနိုင်ပါတယ်။

+မုန်လာဥနီအစိမ်း ကိုလည်းဒီတိုင်းကိုက်စားနိုင်ပါတယ်။သူကတော့ လေးဘက်နာကြောင့် ဖြစ်တဲ့ကိုက်ခဲ ယောင်ရမ်းမှုတွေကိုသက်သာစေပါတယ်။

+ခရမ်ဘယ်ရီအခြောက်တွေကတော့ ဗီတာမင် အေ စီ နဲ့ အီး တွေပါဝင်ပါတယ်။


၁၀၀။နေ့လည်ငိုက်လာတဲ့ခါ

နေ့လည်လောက်မှာ တစ်ခါတစ်ခါလူတွေက ငိုက်မြည်းလာတတ်ပါတယ်။အဲဒါဆိုရင် ခဏ လောက်အပြင်ဖက်ထွက်ပြီး လေကောင်းလေသန့်တွေရှူသွင်းလိုက်ပါ။အလုပ်နေရာကို ပြန် လာတဲ့အခါကျတော့ လက်ဘက်ရည်ကြမ်းတစ်ခွက်နဲ့အတူ အပေါ်မှာပြောခဲ့တဲ့ အစာတွေ ထဲကတစ်မျိုးမျိုးကိုစားသုံးနိုင်ပါတယ်။


ရွှေပစ္စုန်

Idea Magazine

Blogger Template by Blogcrowds