နုပျိုကျန်းမာစွာနေထိုင်စားသောက်နည်း

ရွှေပစ္စုန်


၈၁.သလဲသီးရဲ့စွမ်းအား


အရည်ရွှန်းတဲ့အစေ့ဖောင်းဖောင်းလေးတွေနဲ့ဖွဲ့စည်းထားတဲ့သလဲသီးမှာ..ပိုလီဖီနော်အင်တီအောက်ဆီဒင့်အဆင့်ခပ်မြင့်မြင့်လေးကိုပါဝင်ပါတယ်။သူကအသက်အရွယ်အိုမင်းမှုကြောင့်

ဖြစ်တဲ့..နာမကျန်းမှုတွေ၊အိုမင်းရင့်ရော်မှုတွေကိုသာမက..နှလုံးနဲ့သွေးကြောရောဂါတွေအတွက်ပါကောင်းမွန်ပါတယ်။ဆီးကြိတ်ကင်ဆာနဲ့ရင်သားကင်ဆာဆဲလ်တွေမဖြစ်တည်စေ

အောင်လည်းကာကွယ်ပေးနိုင်ပါတယ်။

(ရန်ကုန်မှာတော့ သလဲသီးကိုတွေ့ရခဲပြီးတွေ့ပြန်ရင်လည်းတစ်လုံးကိုတစ်ထောင်ကနေ

ထောင့်ငါးရာထိပေးရတတ်ပါတယ်။နယ်မှာတော့ပေါနိုင်ပါတယ်။အထူးသဖြင့်ရှမ်းပြည်လို

နေရာမျိုးပေါ့..။)

၈၂.ငရုတ်သီးစားတဲ့အလေ့အထ

ငရုတ်ပင်လေးတစ်ပင်ကိုပျိုးဆိုင်ကဝယ်ပြီးပန်းအိုးလေးတစ်အိုးနဲ့ထည့်စိုက်ထားမယ်ဆိုရင်

လတ်ဆတ်တဲ့ငရုတ်သီးကိုချက်ချင်းခူးစားနိုင်မှာဖြစ်ပါတယ်။တစ်ပင်စိုက်ထားရင်လည်းပွား

လာနိုင်ပြီးအများကြီးလည်းသီးပါတယ်။အခြားအနီရောင်၊လိမ္မော်ရောင်ရှိတဲ့အသီးတွေလိုပဲ..ငရုတ်သီးကလည်း carotenoid beta-cryptoxanthin ဓါတ်တွေအများအပြားပါဝင်ပါ

တယ်။အဲဒါက..အဆစ်အမြစ်ရောင်ရောဂါနဲ့လေးဖက်နာရောဂါတွေကိုဖြစ်ပွားစေမယ့်အစ

တွေကိုဖယ်ရှားပေးနိုင်စွမ်းပါတယ်။အနီရောင်ငရုတ်သီးဟာ ..သာမာန်သံပုရာသီးထက် ဗီတာမင်စီ..သုံးဆပိုများပါတယ်။


၈၃.ဘယ်ရီသီးများများစားဖို့



အနီရင့်ရောင်နဲ့ခရမ်းရောင်ရှိတဲ့ဘယ်ရီသီးတွေဟာ..မှတ်ဥာဏ်ကိုတိုးစေတဲ့ဓါတ်တွေအ

ပြည့်အဝပါဝင်တယ်လို့ဆိုပါတယ်။blackcurrent နဲ့ boysenberries တွေကတော့..

Antioxidantsတွေအများအပြားပါဝင်ပြီးဆဲလ်ပျက်စီးမှုကိုကာကွယ်ပေးနိုင်ပါတယ်။

အဲဒီတွက် အယ်လ်ဇိုင်းမားတို့ကင်ဆာတို့ဖြစ်ဖို့နည်းသွားနိုင်ပါတယ်။blackcurrent,

Blackberries, bilberries နဲ့ blueberries တွေဟာအသက်ရလာလို့မျက်စိမှုန်တာတွေဘာ

တွေမဖြစ်အောင်ကာကွယ်နိုင်တဲ့အပြင်ဆံချည်မျှင်သွေးကြောတွေရဲ့နံရံကိုလည်းခိုင်မာစေပါတယ်။ဘယ်ရီသီးတွေကို..ရာသီအလိုက်လတ်လတ်ဆတ်ဆတ်စားနိုင်သလို..forzen

အေးခဲထားတာမျိုးတွေနဲ့အခြောက်လုပ်ထားတာတွေကိုလည်းစားသုံးနိုင်ပါတယ်။


၈၄.သစ်စေ့သစ်ဆံတွေကိုစားတဲ့အကျင့်


သစ်စေ့သစ်ဆံတွေကိုစားတာအဆီတက်တယ်ဆိုပြီးမြန်မာအများစုကမစားကြပါဘူး။ဒါပေမယ့်သူတို့မှာပါဝင်တာ အဆီတွေချည်းပဲမဟုတ်ဘူးဆိုတာကိုတော့သိထားသင့်ပါတယ်။

သစ်ကြားစေ့ဆိုရင်တရုတ်ဆေးပညာအရ..အသက်ရှည်စေတဲ့အသီးအနှံတွေထဲထည့်ထားတဲ့သစ်စေ့တစ်မျိုးဖြစ်ပါတယ်။ဒီတိုင်းသွားရည်စာအဖြစ်စားသုံးနိုင်သလို..သစ်ကြားသီးစေ့ဆီကိုလည်းဟင်းရွက်သုတ်တွေမှာ ဒရက်ဆင်းအဖြစ်သုံးနိုင်ပါတယ်။ဒါ့အပြင်နှလုံးကိုကာ

ကွယ်ပေးတဲ့ antioxidants နဲ့အဆီဓါတ်တွေလည်းပါဝင်ပါတယ်။အာလူးနဲ့အခြားအမြစ်က

ဖြစ်တဲ့သစ်ဥသစ်ဖုတွေနဲ့တွဲဖက်စားလို့ကောင်းပါတယ်။

နောက်..မြေပဲ..။သူကကျတော့နှလုံးရောဂါဖြစ်ပွားမှုကိုလျော့ကျစေပြီး..ကိုလက်စထရောကိုကျစေတဲ့ဂုဏ်သတ္တိတွေလည်းပါဝင်ပါတယ်။almond လို့ခေါ်တဲ့သစ်စေ့ကလည်း..လက်

တစ်ဆုပ်စာလောက်နေ့တိုင်းစားမယ်ဆိုရင်..ကျန်းမာရေးအတွက်လိုအပ်တဲ့အဆီကိုရရှိနိုင်

ပြီး..နှလုံးတို့လေဖြတ်တာတို့ကိုမဖြစ်ဖို့လည်းကာကွယ်ပေးနိုင်ပါလိမ့်မယ်။


၈၅.နေကြာကွာစေ့



အစေ့တွေကိုစားတာကလည်းကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။လက်တစ်ဆုပ်စာပဲရှိတဲ့အစေ့လေးတွေကိုတစ်နေ့စားသုံးတာဟာကြီးမားတဲ့အကျိုးကျေးဇူးကိုရနိုင်ပါတယ်။အဲဒီထဲမှာအသားဓါတ်သာမက..ဆီးကြိတ်နဲ့အဆစ်အမြစ်ကျန်းမာရေးအတွက်ပါကောင်းမွန်တဲ့သတ္တုဓါတ်တွေနဲ့အဆီဓါတ်တွေပါဝင်နေလို့ပါ။နေကြာစေ့၊ကွာစေ့၊ဖယုံစေ့စတာတွေကိုဒီတိုင်းလည်းစားနိုင်သလို..မုန့်တွေ၊အရွက်သုတ်တွေမှာလည်းထည့်စားနိုင်ပါတယ်။အဲဒီအ

စေ့စုံရောထားတဲ့အထုတ်မျိုးကိုလည်းဆောင်ထားပါ။အရမ်းစွမ်းအင်ကုန်ခမ်းလာသလိုဖြစ်တဲ့ခါ အထောက်အကူပြုပါတယ်။


၈၆.အထောက်အကူပြုဒိန်ချဉ်


သဘာဝဒိန်ချဉ်အိုးသေးတစ်အိုးဟာကိုယ်ခံအားကိုကောင်းမွန်အောင်မြှင့်တင်ပေးပါတယ်။သူ့ထဲမှာက..ခန္ဓာကိုယ်တွက်လိုအပ်တဲ့သက်ရှိဘက်တီးရီးယားတစ်ချို့ပါဝင်ပါတယ်။ဆွီဒင်လူမျိုးလေ့လာသူတစ်ယောက်ရဲ့အဆိုအရကတော့ဒိန်ချဉ်တစ်နေ့ကိုတစ်အိုးစားသုံးသူဟာနာမကျန်းဖြစ်မှုမရှိသလောက်နည်းပါးတာကိုတွေ့ရတယ်လို့ဆိုပါတယ်။မစားသူတွေနဲ့ယှဉ်လိုက်တဲ့ခါမှာသိသိသာသာကြီးကိုကွဲတာတွေ့ရပါလိမ့်မယ်။ဒါ့အပြင်ဒိန်ချဉ်ကအစာခြေ

ဖျက်မှုအတွက်ကောင်းသလို..အရိုးအဆစ်ကိုလည်းမာကျောသန်စွမ်းစေပါတယ်။ဒိန်ချဉ်ကိုဒီတိုင်းကြီးဘယ်လိုမှလက်ခံစားသုံးလို့မရသူတွေအနေနဲ့ ပျားရည်နည်းနည်းထည့်စားနိုင်သ

လို..pistachip လိုအစေ့မျိုးဒါမှမဟုတ် သလဲသီးလိုအစေ့လေးတွေနဲ့သစ်သီးမျိုးစုံကိုထည့်

လို့တွဲဖက်စားသုံးနိုင်ပါတယ်။


၈၇.တစ်ပတ်ကိုနှစ်ကြိမ်ငါးစားပါ



တစ်ပတ်ကိုနှစ်ကြိမ်ဒါမှမဟုတ်လေးကြိမ်ငါးစားသူတွေဟာနှလုံးရောဂါဖြစ်နိုင်ခြေ၁၄%

လျော့ကျစေနိုင်တယ်လို့ဆိုပါတယ်။တစ်ပတ်ကိုတစ်ကြိမ်လောက်ပဲပုံမှန်စားသူတွေအတွက်

ကျတော့အသက်ရလာလို့ဖြစ်တဲ့စိတ်ကျမှုကို..၁၀%လောက်လျော့ကျစေနိုင်တယ်လို့ဆိုပါ

တယ်။ငါးလည်းတစ်ပတ်မှာနှစ်ကြိမ်ကနေလေးကြိမ်စားပေးမယ်၊ငါးကြီးဆီလိုအိုမီဂါ၃ဖက်တီအက်ဆစ်ပါတဲ့ဆေးမျိုးကိုလည်းဖြည့်စွက်သောက်သုံးသူတွေကျတော့..သက်ကြီးပိုင်းမှာ

ဖြစ်တတ်တဲ့ကင်ဆာရောဂါကိုကာကွယ်ပေးပါတယ်။ဒါ့အပြင်အရိုးအဆစ်ကိုလည်းခိုင်မာစေနိုင်ပါသေးတယ်တဲ့။


၈၈.ကြက်သွန်ဖြူနဲ့ဟင်းချက်မယ်



သွေးဖိအားကိုကျဆင်းစေ၊ကိုလက်စထရောကိုကျစေ၊သွေးခဲမှုကိုမဖြစ်စေတဲ့အပြင်ကိုယ်ခံအားစနစ်ကိုပါအားကောင်းစေတဲ့တန်ဖိုးရှိအရာက ကြက်သွန်ဖြူပါ။တစ်နေ့ကိုနှစ်တက်က

နေသုံးတက်စားသုံးတာဟာ..နှလုံးနဲ့လေဖြတ်ခြင်းကိုလေးပုံတစ်ပုံလောက်လျော့ကျစေနိုင်တယ်လို့ဆိုပါတယ်။ကြက်သွန်ဖြူကိုငရုတ်သီးနဲ့ထည့်ထောင်းတာအပြင်..အသုတ်တွေမှာလည်းခပ်ပါးပါးလှီးထည့်သုတ်နိုင်ပါတယ်။ဟင်းရွက်ကြော်တဲ့ခါမှာလည်းနောက်ဆုံးကအုပ်

ထည့်လိုက်တာမျိုးလည်းကောင်းပါတယ်။အပူကြောင့်သူ့သဘာဝဓါတ်သိပ်မပျယ်တော့ပါ

ဘူး။အကောင်းဆုံးကအသုတ်နဲ့ဒီတိုင်းတွဲဖက်ကိုက်စားတာမျိုးပါ။


၈၉.သံလွင်ဆီကိုသုံးကြည့်ပါ



ဖြစ်နိုင်ရင်တခြားဟင်းချက်ဆီအစားသံလွင်ဆီကိုသုံးပါတဲ့။သိပ်ချမ်းသာရင်တော့တစ်မျိုးပေါ့နော် ..။မြန်မာပြည်မှာမပြောနဲ့တခြားမှာတောင်သံလွင်ဆီကိုဟင်းချက်ဆီအဖြစ်သိပ်မသုံး

ကြပါဘူး။အသုတ်သုတ်တဲ့နေရာနဲ့တချို့ဟင်းတွေမှာပဲသုံးပါတယ်။နောက်တချို့ကပေါင်မုန့်ကိုမီးကင်ပြီးပူပူမှာထောပတ်မသုတ်ပဲသံလွင်ဆီဆမ်းပြီးစားကြပါတယ်။သံလွင်ဆီကိုစား

တာဟာ..နှလုံးသွေးကြောရောဂါဖြစ်မှုကို ၂၅%လောက်လျော့နည်းစေတယ်လို့ဆိုပါတယ်။

Extra-virgin olive oil မှာရောင်ရမ်းမှုကိုပပျောက်စေတဲ့ဓါတ်တွေနဲ့သွေးကြောထုံးတာကို

ကာကွယ်ပေးတဲ့ဓါတ်တွေအများကြီးပါဝင်ပါတယ်။သူက..ကျန်းမာရေးကိုကောင်းမွန်စေတဲ့

ကိုလက်စထရောအဆင့်ကိုထိန်းပေးထားနိုင်ပြီး..ရင်သားကင်ဆာဖြစ်စေနိုင်တဲ့ဆဲလ်တွေကိုလည်းဖယ်ရှားပေးနိုင်ပါတယ်။ဒါကြောင့်မြေထဲပင်လယ်ဒေသက..သံလွင်ဆီပါတဲ့မီနူးထဲကဟင်းးပွဲတွေဟာ..ကျန်းမာသက်ရှည်မှုနဲ့ဆက်နွယ်နေကြတယ်လို့ဆိုရိုးရှိခဲ့တာပေါ့..။


၉၀.ခရမ်းချဉ်သီးဆော့


ခရမ်းချဉ်သီးအနှစ်၊ခရမ်းချဉ်သီးဆော့၊ခရမ်းချဉ်သီးချက်..စတဲ့အရာတွေမှာလိုင်ကိုပင်းဆိုတဲ့အနီရောင်ရှိတဲ့antioxidantကပြောစမတ်ပြုရလောက်အောင်၊ထိရောက်တဲ့ပမာဏပါဝင်ပါတယ်။ဥရောပမှာတွေ့ရှိတဲ့လေ့လာချက်တစ်ခုအရ..ခရမ်းချဉ်သီးထဲမှာပါတဲ့လိုင်ကိုပင်းကိုအမြင့်ဆုံးစားသုံးတဲ့သူနဲ့မစားသုံးတဲ့သူကွာပါတယ်တဲ့။စားသုံးသူကHeart attack ဖြစ်ဖို့

နည်းပါးပြိး..မစားသုံးသူကတော့ဖြစ်ဖို့များပါတယ်လို့ဆိုပါတယ်။လိုင်ကိုပင်းဓါတ်က နှလုံးကို

အကာအကွယ်ပေးတဲ့အပြင်..သွေးဖိအားအတွက်လည်းကောင်းမွန်ပါတယ်။ဒါ့အပြင်….

နောက်ဆုံးတွေ့ရှိမှုအရက ဆီးကြိတ်ရောဂါဖြစ်မှုကိုပါထိန်းပေးထားနိုင်တယ်လို့ဆိုပါတယ်။

ခရမ်းချဉ်သီးအနီရင့်လေလိုင်ကိုပင်းဓါတ်များလေပါပဲ။သဘာဝနည်းနဲ့စိုက်ပျိုးတဲ့ခရမ်းချဉ်သီဆော့မှာသဘာဝနည်းနဲ့မဟုတ်ပဲစိုက်ပျိုးတဲ့ခရမ်းချဉ်သီးဆော့ထက်လိုင်ကိုပင်းပါဝင်မှု၈၃%ပိုများတယ်လို့ဆိုပါတယ်။ခရမ်းချဉ်သီးကိုဖျော်ရည်လည်းသောက်နိုင်သလို၊သုတ်လည်းစားနိုင်တာမို့..ခရမ်းချဉ်သီးဆော့သာမကခရမ်းချဉ်သီးကိုပါမမေ့မလျော့စားပွဲပေါ်တင်ထားဖို့လိုအပ်ပါတယ်။

ရွှေပစ္စုန်

Idea Magazine


Notes:

အခန်းဆက်တင်ဖို့အတွက် ဆောင်းပါးတွေ အများကြီးတောင်းထားပါတယ်။ Health Corner ကို ပိုပြီး Active ဖြစ်အောင် တစ်လတစ်ပို့စ်ကနေ နှစ်ပတ် တစ်ပို့စ်တင်ဖြစ်ပါတယ်။ ကျန်းမာရေးဟာ အရေးကြီးတယ်ဆိုတာကို အမြဲသတိပေးနေချင်ပါတယ်။ ဒီ Blog မှာ Contributor လုပ်ရတာကို စိတ်ချမ်းသာရသလို ဒီလူတွေကို ကြည့်ပြီး ဒီလောက်တောင် ရေးနိုင်တယ်ဆိုပြီး အံ့သြမိပါတယ်။ အတော်လောဘကြီးတဲ့လူတွေ ထင်ပါရဲ့လေ ...။ :)

Blogger Template by Blogcrowds