Vitamins တွေအကြောင်းဘယ်လောက်သိလဲ

ဗီတာမင် ဆိုရင် အလိုလိုအားဆေးလုံးတွေကိုပြေးမြင်မိကြမှာပဲ။Vitamin A ကနေ ဇက် အထိပါတယ်ဆိုတာကိုး။အဲဒီလူတွေတွက် နိစ္စဓူဝလိုအပ်တဲ့ ဗီတာမင်တွေအကြောင်း ကိုယ် ဘယ်လောက်သိထားလဲဆိုတာလေး သိချင်ရင် အောက်ကမေးခွန်းလေးတွေဖြေကြည့် လိုက်ပါ။အဖြေလည်းပါမှာမို့လို့ အဖြေမှန်လည်းတစ်ခါတည်းသိသွားပြီး ဗီတာမင်နဲ့ ပတ် သက်လို့တော်တော်လေးသိသွားနိုင်ပါလိမ့်မယ်။

၁. ဘယ်ထဲမှာ Vitamin C ဓါတ်အမြင့်ဆုံးပါဝင်သလဲ။
က.လိမ္မော်သီး
ခ.သံပုရာသီး
ဂ.ဂရိတ်ဖရုသီး
ဃ.ငရုတ်သီးအနီ

၂.ဘယ် ဗီတာမင်ဓါတ်က ရာသီမလာမီဖြစ်ပေါ်တတ်တဲ့ ဝေဒနာတွေကို သက်သာစေလဲ။
က.Vitamin E
ခ.Vitamin D
ဂ.Vitamin C
ဃ.Vitamin K

၃.ဘယ်အရာက Vitamin A အတွက် ကောင်းမွန်တဲ့အရင်းမြစ် မဟုတ်ဘူးလဲ။
က.cod liver oil
ခ.ဟင်းနုနွယ်
ဂ.ထောပတ်
ဃ.အသည်း

၎.ဘယ်ဗီတာမင် ဓါတ်က ခန္ဓာကိုယ်ထဲက အဆီတစ်ရှုးတွေထဲမှာသိုမှီးမထားနိုင်ဘူးလဲ။
က.Vitamin E
ခ.Vitamin A
ဂ.Vitamin D
ဃ.Vitamin Bပေါင်းစု

၅.Vitamin C နဲ့ပတ်သက်ပြီးဘယ်လောက်သိထားလဲ။အောက်ဖော်ပြပါတွေမှာ ဘယ်ဟာ ကအချက်အလက်သက်သက်ဖြစ်ပြီး ဘယ်ဟာက ကောင်းကျိုးဖြစ်လဲ။
က.ဆေးလိပ်သောက်တဲ့သူတွေဟာ သူတို့ရဲ့ဇီဝကမ္မဆိုင်ရာဖြစ်စဉ်အတွက် သာမန်လူ တွေထက် Vitamin C ကို နှစ်ဆလိုအပ်တယ်။
ခ.VitaminC ဟာ သာမန်အအေးမိရောဂါလောက်တော့ကာကွယ်တားဆီးပေးနိုင်တယ်။
ဂ.ခန္ဓာကိုယ်ထဲမှာ Vitamin Cတွေသိပ်များနေတာဟာ အခြားသောစစ်ဆေးမှုတွေအတွက် အနှောက် အယှက်ဖြစ်စေပါတယ်

၆.ဘယ်အချက်က မှန်ကန်ပါသလဲ။လေ့လာတွေ့ရှိချက်တွေအရ Vitamin B ဟာ…
က.အမြင်အာရုံကို တိုးတက်ကောင်းမွန်စေတယ်။
ခ.အအေးဒါဏ်ကိုခံနိုင်ရည်ရှိစေတယ်။
ဂ.ကိုလက်စထရောအဆင့်ကို လျော့ကျစေတယ်။

၇.မှန်သလား မှားသလာဖြေပေးပါဦး။
Vitamin B1 ဖြည့်စွက်ဆေးကို ဆိုဒါလိုအက်စစ်အပျော့စားပါတဲ့အရည်တစ်ခုသောက် သုံးနေချိန်မှာ မသောက်သုံးရပါဘူး။

၈.ဘယ်ဗီတာမင်ဓါတ်က ပုံမှန်လိုအပ်တဲ့သွေးခဲစနစ်ကိုကောင်းမွန်စေပြီး အနာကျက်လို့ အနာရွတ်ကိုအမြန်ပျောက်စေနိုင်သလဲ။
က.Vitamin E
ခ.Vitamin D
ဂ.Vitamin C
ဃ.Vitamin B

၉.ဘယ်အချက်တွေကမှားနေလဲ။
က.ခွဲစိပ်ခန်းဝင်မယ့်လူနာတွေကို သွေးထွက်မလွန်အောင်လို့ Vitamin K ကိုပေးပါတယ်
ခ.Vitamin K ဖြည့်စွက်ဆေးတွေကို သကြားနဲ့ရော မသောက်ရပါဘူး။
ဂ.Vitamin K ဓါတ်က အရိုးပွရောဂါကိုမဖြစ်အောင်ကာကွယ်ပေးတယ်။
ဃ.တချို့သော တွေ့ရှိချက်တွေအရ Vitamin K ဟာ ကင်ဆာရောဂါကိုတိုက်ဖျက်ရာ မှာတော်တော်လေးအထောက်အကူပြုတယ်တဲ့။

၁၀.မှားသလား မှန်သလား။
Vitamin E ကိုသွေးကျဲစေတဲ့ဓါတ်တစ်ခုအဖြစ်အသုံးပြုတယ်။

၁၁.Vitamin B ဟာ အရမ်းကိုအရေးကြီးတဲ့ဓါတ်တစ်ခုဖြစ်ပြီး အုပ်စုသေးလေးတွေလည်း ကွဲနေပါတယ်။အုပ်စုကွဲလေးတွေကလည်း သူ့ဟာနဲ့သူ နေ့စဉ်အာဟာရတွေမှာလိုအပ်တာ ပါပဲ။အဲဒီအုပ်စုကွဲလေးတွေကိုသီးခြားနာမည်ပေးထားတာရှိပါတယ်။ညီအောင်တွဲပေးပါဦး။
က.Vitamin B3
ခ.Vitamin B6
ဂ.Vitamin B1
ဃ.Vitamin B2
1. Folic Acid 2.Thiamin 3. Riboflavin 4.Nicotinic acid

၁၂.ဘယ်ဗီတာမင်က စိတ်ဖိစီးမှုကိုလျော့ကျစေသလဲ။
က.Vitamin E
ခ.Vitamin D
ဂ.Vitamin C
ဃ.Vitamin B5

၁၃.အောက်ပါတို့အနက်က ဘယ်အရာက Vitamin B(၁)အတွက်ကောင်းမွန်တဲ့အရင်းအ မြစ်အဟုတ်သလဲ။
က.ဝက်သား
ခ.မြေပဲ
ဂ.ပဲအမျိုးမျိုး
ဃ.ကီဝီသီး

၁၄.မှန်သလား မှားသလား။
Vitamin B2 ကိုဘယ်တော့မှ တိုက်ရိုက်ထိုးသွင်းတာမျိုးမလုပ်ပါဘူး။ဒါပေမယ့် သူ့ကို ခန္ဓာကိုယ်ထဲမှာအစားအစာတွေမှာပါတဲ့အနံ့အရသာတစ်မျိုးကနေတဆင်ဖြစ်ပေါ်တာတွေ့ရတတ်ပါတယ်။

အဖြေများ
၁.ဃ
၂.က
၃.ခ
၎.ဃ
၅.က.အချက်အလက်
ခ.အကျိုး
ဂ.အချက်အလက်
၆.ဂ
၇.မှန်
၈.က
၉.ခ
၁၀.မှန်
၁၁.က-၄ ခ-၁ ဂ-၂ ဃ-၃
၁၂.ဃ
၁၃.ဃ
၁၄.မှန်

အဖြေတစ်ခုမှန်ရင် တစ်မှတ်ပေးပါ။
၁၅ မှတ်ကနေ ၁၉ မှတ်…ကျန်းမာရေးအသိပညာကြွယ်ဝပါတယ်။
၁၁မှတ်ကနေ ၁၅မှတ်..ကျန်းမာရေးအသိသင့်ပါတယ်။ဒါပေမယ့် သိထားရမှာတွေနည်း နေသေးတယ်။
ဝ မှတ်ကနေ ၁၀မှတ်..ကျန်းမာရေးအသိနည်းလွန်းပါတယ်။ဒီအချက်တွေကိုလိုအပ်ချက် တစ်ခုအဖြစ် ကျက်မှတ်ထားလိုက်ပါ။

ရွှေပစ္စုန်

Blogger Template by Blogcrowds